A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ကပ်ရောဂါကိုအသုံးချပြီး စီးပွားရေးပြန်စရန်  အင်ဒိုနီးရှားသမ္မတတိုက်တွန်း

ကိုဗစ်-၁၉ ကပ်ရောဂါကို အသုံးချပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို  ပြန်စတင်ဖို့  သမ္မတ  ဂျိုကိုဝီဒိုဒိုက သြဂုတ် ၁၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားလွှတ်တော်မှာ နှစ်စဉ်ပြောကြားတဲ့ ပြည်ထောင်စုမိန့်ခွန်းအတွင်း   သမ္မတ ဝီဒိုဒို က အကြပ်အတည်းကို အခွင့်အလမ်းအဖြစ်ပြောင်းပြီး ပြောင်းလဲမှုကြီးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအစီအမံတွေကြောင့်  သမ္မတ ဝီဒိုဒိုမိန့်ခွန်းပြော နေချိန်အတွင်း လွှတ်တော်အမတ်ထက်ဝက်သာ တက်ရောက်ပြီး  ကျန်တဝက်ကတော့ တိုက်ရိုက်ထုတ်လွှင့်တာကို အွန်လိုင်းကနေ ကြည့်ရှုခဲ့ပါတယ်။ သမ္မတဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကို  ကွန်ပြူတာ ပရိုဂရမ် ရပ်သွားမှုနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တာပါ။ အင်ဒိုနီးရှားဟာ မနှစ်တုန်းက စီးပွားရေး တိုးတက်မှု ၅ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ဒီနှစ် စီးပွားရေးဟာ   တိုးတက်မှု မရှိသလောက် ဖြစ်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။ အင်ဒိုနီးရှားမှာ ကပ်ရောဂါကူးစက်သူ  ၁၃၂,၀၀၀ ကျော်ရှိပြီး ၆၀၀၀ နီးပါး သေဆုံးကာ  အရှေ့တောင်အာရှမှာ   သေဆုံးသူ အများဆုံး ဖြစ်တယ်လို့  ရိုက်တာမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up