A d v e r t i s e m e n t With Us

ဝေလမင်းသမီးဒိုင်ယာနာအကြောင်း  Diana: A New Musical ကို နက်ဖလစ်စ်တွင်  ပြသမည်

ဝေလမင်းသမီးဒိုင်ယာနာအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့  Diana: A New Musical ကို မိတ်ဆက်ပြသမှု မပြုနိုင်သေးခင် နက်ဖလစ်စ်ကနေ ဦးဦးဖျားဖျား ပြသသွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို အစပိုင်းတုန်းကတော့ မတ်လ ၂ ရက်နေ့မှာ ဘရော့ဒ်ဝေးမှာ ပြသသွားဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလောအချိန်ထိ ပိတ်ထားရဆဲဖြစ်တာမို့ ခုလိုအွန်လိုင်းပေါ်ကတဆင့် ပြသဖို့ ဖြစ်လာခဲ့တာပါ။ ဒါဟာ လတ်တလောကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကမ္ဘာတလွှား ရုံတင်ရက်ရွှေ့ဆိုင်းရတာတွေ၊ ရုပ်ရှင်ရုံတွေ ပိတ်ထားရတာတွေနဲ့ ရင်ဆိုင် နေရတဲ့ ရုပ်ရှင်ဖျော်ဖြေရေးနယ်ပယ်မှာတော့ မပြသခင် အွန်လိုင်းမီဒီယာမှာ ပြသမှုအနေ နဲ့ သမိုင်းမှတ်တမ်းတခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ဘဝအကြောင်း ဖန်တီးပုံဖော်ထားတဲ့ Diana: A New Musical ကို ဒါရိုက်တာ Christopher Ashley က ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး American Idiot ၊ Wicked ၊ Kinky Boots  စတဲ့ ဘရော့ဒ်ဝေးလ်မြူဇစ်ကယ်လ်တွေနဲ့ နာမည်ကြီး တဲ့ ရုပ်သံသရုပ်ဆောင်မင်းသမီး Jeanna de Waal က ဒိုင်ယာနာအဖြစ် ပါဝင်ထားခဲ့ တာပါ။ လတ်တလောမှာတော့ Diana: A New Musical ကို နက်ဖလစ်စ်က ထုတ်လွှင့်ပြ သမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up