မြေကျွံလမ်းကျိုးကျခဲ့သည့် ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး ပြင်ဆင်ပြီးစီး
DVB
·
August 14, 2020
မိုးများပြီး ရေတိုက်စားတာကြောင့် မြေကျွံကျိုးကျခဲ့တဲ့ ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး ပြင်ဆင်ပြီးစီးလို့ ဩဂုတ် ၁၃ ရက်က ယာဉ်ကြီးတွေကို ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဟန်ကဒိုင်းကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။
မြေကျွံကျတဲ့နေရာက ကော့သောင်းမြို့နဲ့ ၇၆ မိုင်အကွာ ဘုတ်ပြင်းမြို့နယ်၊ ရသူရိမြို့၊ ဟန်ကဒိုင်းကျေးရွာရှိ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး ကော့သောင်း-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီးရဲ့ ဘယ်ဘက်ခြမ်းရေတိုက်စားပြီး မြေကျွံ နှိပ်ကျကာလမ်းကျိုးကျခဲ့တာပါ။
လမ်းကျိုးကျရာတဲ့နေရာကို မြို့အုပ်ရေးအဖွဲ့တာဝန်ရှိသူတွေ လမ်းဦးစီးဌာနနဲ့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေက တပ်မတော်သားတွေနဲ့ ဒေသခံ ပြည်သူတွေက ဝိုင်းဝန်းပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း- လတ်ကိုကိုဦး