Home
မြန်မာသတင်း
မြေကျွံလမ်းကျိုးကျခဲ့သည့် ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး ပြင်ဆင်ပြီးစီး
DVB
·
August 14, 2020
117605753_1018063548629671_7261349995608001331_o
117435132_1018063398629686_3560718100931645934_o
117186786_1018063495296343_6720395279236974622_o
117170721_1018063518629674_4826865760349958223_o
117037220_1018063458629680_1648798905000274810_n
မိုးများပြီး ရေတိုက်စားတာကြောင့် မြေကျွံကျိုးကျခဲ့တဲ့ ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး ပြင်ဆင်ပြီးစီးလို့ ဩဂုတ် ၁၃ ရက်က  ယာဉ်ကြီးတွေကို ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဟန်ကဒိုင်းကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။ မြေကျွံကျတဲ့နေရာက ကော့သောင်းမြို့နဲ့ ၇၆ မိုင်အကွာ ဘုတ်ပြင်းမြို့နယ်၊ ရသူရိမြို့၊ ဟန်ကဒိုင်းကျေးရွာရှိ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး ကော့သောင်း-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီးရဲ့ ဘယ်ဘက်ခြမ်းရေတိုက်စားပြီး မြေကျွံ နှိပ်ကျကာလမ်းကျိုးကျခဲ့တာပါ။ လမ်းကျိုးကျရာတဲ့နေရာကို မြို့အုပ်ရေးအဖွဲ့တာဝန်ရှိသူတွေ လမ်းဦးစီးဌာနနဲ့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေက တပ်မတော်သားတွေနဲ့ ဒေသခံ ပြည်သူတွေက ဝိုင်းဝန်းပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024