Email This Story :
လစ်ဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကိုခေါ်ယူဖို့ ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းလိုက်ပါတယ်။
စပိန်ကွင်းလယ်လူ သီယာဂိုဟာ အသင်းနဲ့တစ်နှစ်စာချုပ် သက်တမ်းသာကျန်ရှိတော့ပြီး အသင်းပြောင်းရွှေ့လိုနေကြောင်း ဘိုင်ယန်ဘက်က တရားဝင်ပြောကြားထားတာပါ။
အယ်ကန်တာရာအတွက် ဘိုင်ယန်အသင်းဘက်က ပေါင်သန်း ၃၀ အထိအလိုရှိနေပေမဲ့ ပေါင် ၂၇ သန်းပေးချေမယ်ဆိုရင် လက်လွှတ်မယ်လို့ သိရပါတယ်။
လစ်ဗာပူးအသင်းဘက်ကတော့ ပေါင်သန်း ၂၀ သာ ပေးချေဖို့ ကမ်းလှမ်းထားကြောင်း သတင်းထွက်ပေါ်နေပါတယ်။
အသက် ၂၉ နှစ်ရှိ သီယာဂိုအယ်ကန်တာရာဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာကနေ စတာလင်ပေါင် ၂၁ ဒသမ ၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။