Home
မြန်မာသတင်း
“ဝ” တပ်ဖွဲ့ဦးဆောင်သည့်  FPNCC အဖွဲ့ဝင်များ ၂၁ ရာစုပင်လုံညီလာခံ မတက်တော့
DVB
·
August 13, 2020
UWSA “ဝ” တပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင် တိုင်းရင်းသား လက်ကိုင်တပ်ဖွဲ့တွေအားလုံး စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁- ရာစု ပင်လုံ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။ ညီလာခံတက်ရေး၊ မတက်ရေးနဲ့ပတ်သက်လို “ဝ” ဒေသ ပန်ဆန်းမှာ FPNCC အဖွဲ့ဝင်တွေ အစည်းဝေးကျင်းပခဲ့ကြပြီး အဲဒီလိုဆုံးဖြတ်ခဲ့ကြတာပါ။ ကိုဗစ်-၁၉ ကာလမှာ ကျင်းပတဲ့အတွက် FPNCC အဖွဲ့ဝင်တွေရှိတဲ့ နယ်စပ်ဒေသတွေမှာ ဆေးဝါးကုသရေးပညာအားနည်းတာ၊ ဆေးဝါးကုသမှုစက်ကိရိယာတွေမပြည့်စုံတာ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ အသွားအလာခရီးစီစဉ်ရာမှာ အခက်အခဲတွေဖြစ်နေတာကြာင့် အခုလို မတက်ရောက်ဖြစ်တာလို့ ဆိုပါတယ်။ အေအေအဖွဲကို မဖိတ်တဲ့အတွက် စိတ်မကောင်းဖြစ်မိသလို FPNCC ရဲ့ ကျန် ၆ ဖွဲ့ကို ဖိတ်တဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ သဘောထားကြေညာချက်မှာ ဖော်ပြထားပါတယ်။ FPNCC မှာ UWSA၊ မိုင်းလားအဖွဲ့၊ KIA၊ TNLA၊ MNDAA၊ SSPP/SSAနဲ့ AAအဖွဲ့တို့ပါဝင်ပါတယ်။ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို  နေပြည်တော်မှာ လာမယ့် သြဂုတ် ၁၉ ရက်နေ့  စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ကရင်နီလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNPP ကလည်း လာမယ့်ညီလာခံကို တက်ဖြစ်မှာ မဟုတ်တဲ့အကြောင်း အကြောင်းပြန်ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။ သတင်း-ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024