A d v e r t i s e m e n t With Us

နိုင်ငံခြားခရီးသွားများကို Quarantine ပိုမိုထားရှိရန်  နော်ဝေအစိုးရ ကြေညာ

နော်ဝေနိုင်ငံမှာ နိုင်ငံခြားတိုင်းပြည်တွေကလာတဲ့ ခရီးသွားတွေကို   ပိုပြီးရောဂါခြေချုပ်နဲ့ ကန့်သတ်ထားဖို့  ပြန်လည်စည်းမျဉ်း ချမှတ်လိုက်တယ်လို့ နော်ဝေအစိုးရက ကြေညာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာသစ် အရေအတွက် ခုန်တက်လာလို့ နော်ဝေနိုင်ငံသားတွေ နိုင်ငံခြားသွားတာမျိုးကို ရှောင်သင့်တယ်လို့လည်း ထပ်ပြီး အကြံပြုထားပါတယ်။ အရင်အပတ်က နော်ဝေမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံ ၃၅၇ယောက် ရှိခဲ့လို့ ဧပြီ လတည်းက ခုထိ အမြင့်ဆုံး ရောက်ခဲ့ပါတယ်။  ဒါပေမဲ့ မတ်လနှောင်းပိုင်းက သီတင်းပတ် တပတ်တည်းအတွင်း လူ ၁၇၃၃ ယောက် ကူးစက်ခံရတာနဲ့စာရင်တော့ နည်းသေးတယ်လို့ နော်ဝေပြည်သူ့ကျန်းမာရေးသိပ္ပံက သတင်းအချက်အလက် အရသိရပါတယ်။ သြဂုတ် ၁၅ ရက်က စပြီး ပိုလန်၊ မော်လ်တာ၊ အိုက်စလန်၊ ဆိုက်ပရပ်စ်၊ ဖာရိုးကျွန်းတွေ ဒိန်းမတ်နဲ့ ဆွီဒင်ဒေသတွေနဲ့ နယ်သာလန်နိုင်ငံတွေက ပြန်လာတဲ့ ခရီးသည်အားလုံး ၁၀ ရက် ရောဂါခြေချုပ်နဲ့ နေကြဖို့ကိုလည်း စည်းမျဉ်း ပြန်ချမှတ်ခဲ့ပါတယ်။ နိုင်ငံခြားခရီးမသွားဖို့ ထောက်ခံချက်ဟာ အောက်တိုဘာ ၁ ရက်အထိ အကျုံးဝင်ပါတယ်။ လူဦးရေ ၅ ဒသမ ၄ သန်းရှိတဲ့ နော်ဝေနိုင်ငံမှာ ဩဂုတ် ၁၂ ရက်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြုလူနာ စုစုပေါင်း ၉၇၅၀ ရှိပြီး  ၂၅၆ ယောက် သေဆုံးခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up