အေဂျက်ဇ်တိုက်စစ်မှူး ကွမ်စီပရုန်းစ်ကို ပေါင် ၂၅သန်းဖြင့် အာဆင်နယ်ခေါ်ယူမည်

963
အာဆင်နယ်နည်းပြ အာတီတာဟာ အေဂျက်ဇ်တောင်ပံကစားသမား ကွမ်စီပရုန်းစ်ကို ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
အသက်၂၈နှစ်ရှိ ဟော်လန်လက်ရွေးစင် ကွမ်စီပရုန်းစ်ကို ပြီးခဲ့တဲ့ရာသီက ဆီဗီလာမှာ ကစားစဉ်ကတည်းက အာဆင်နယ်ကခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။
အခုနှစ် ဟော်လန်လိဂ်မှာ မဖျက်သိမ်းခင်အထိ စုစုပေါင်း ၂၈ ပွဲမှာ ၁၆ ဂိုးသွင်းခဲ့တဲ့ ပရုန်းစ် ကို အာတီတာက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံကို ခေါ်ယူဖို့လည်း နီးစပ်နေပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ နည်းပြအာတီတာက ဆန္ဒရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။
ဟော်လန်လက်ရွေးစင်အတွက် ၄၂ ပွဲ ကစားပေးထားတဲ့ ကွမ်စီပရုန်းစ်ကို လစ်ဗာပူး အသင်းကလည်း ၂၀၁၇ခု နှစ်က ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပါတယ်။