မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် လျှောက်လွှာတင်ရက် ထပ်တိုးပေး
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာ မြန်မာသံရုံ ၊ ကောင်စစ်ဝန်ရုံးတွေနေတဆင့် ကြိုတင်မဲပေးနိုင်ပြီး မဲပေး ခွင့်လျှောက်လွှာ တင်ရမယ့်ရက်ကိုလည်း ထပ်တိုးပေးထားပါတယ်။
မဲပေးခွင့်လျှောက်လွှာ ပုံစံ ၁၅ တွေကို ဩဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီးပေးပို့ကြဖို့ မူလက ကြေညာခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရက် ထပ်တိုးပြင်ဆင်ခွင့်ပြုလိုက်တာကြောင့် အဆိုမပြုရသေးတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ဘန်ကောက် မှာရှိတဲ့ မြန်မာသံရုံးကို ဩဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထား၍သော်လည်းကောင်း ၊ ချင်းမိုင်ကောင်စစ်ဝန်ရုံးကို ဩဂုတ်လ ၁၆ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာဆိုရင် ဩဂုတ် ၁၅ နဲ့ ၁၆ ဟာ စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်ကျ ရောက်ပေမယ့်လည်း ဝန်ထမ်းတွေအနားမယူဘဲ မနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံပေးမှာဖြစ်ကြောင်း၊ နေရပ်က မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်မပါခဲ့ဘူးဆိုရင် ပုံစံ ၃ နဲ့ ထပ်တင်နိုင်ပြီး ကောင်စစ်ဝန်ရုံးမှာ ဩဂုတ် ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲ နောက်ဆုံးထားလာတင်ဖို့ တိုက်တွန်းကြောင်း ချင်းမိုင်မြန်မာကောင်စစ်ဝန် ဦးဇော်မျိုးထက်က ဒီဗွီဘီကို ပြောပါတယ်။
“ အဓိကကတော့ ပုံစံ ၁၅ လာတင်ကြဖို့ မှာကြားချင်ပါတယ်။ ဒါဟာ နိုင်ငံသား တိုင်းရဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်၊ ပုံစံ ၁၅ တင်ပြီးမှပဲ မဲပေးလို့ရပါမယ်။ ပြီးတော့ ကိုယ့်ရပ်ကိုယ့်ဒေသက မဲစာရင်းတွေစစ်ကြပါ။ ကိုယ်နေတဲ့ ရပ်ကွက် ကျေးရွာမှာ ရွေးကောက်ပွဲ ကော်မရှင်က ကပ်ထားတဲ့ စာရင်းထဲကိုယ့်နာမည်မပါဘူးဆိုရင် ကျနော်တို့ဆီမှာပဲ ပုံစံ ၃ နဲ့ ပြန်ပြီးလျှောက်လို့ရပါတယ်။”
ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ထိုင်းမြောက်ပိုင်းရှိ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောင်း၊ မယ်ဟောင်ဆောင်၊ နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ လမ်းဖွန် ၊ လမ်းပန်းခရိုင်ရောက်မြန်မာနိုင်ငံသားတွေ ပုံစံ ၁၅ လာတင်နိုင်ပြီး လာရန်ခရီးဝေးပါက မြန်မာကောင်စစ်ဝန်ရုံး အီးမေးလ်
[email protected]
ကိုလည်း ပေးပို့နိုင်ပါတယ်။
လက်ရှိ ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ပုံစံ ၁၅ လာရောက်တင်ထားသူ / စာရင်းဝင်ပြီးသူ ၉၈၈ ဦးရှိကြောင်း ၊ အများဆုံးမှာ ရှမ်းပြည်နယ်ကဖြစ်ပြီး အချက်အလက် မပြည့်စုံတဲ့ မှားယွင်းနေတဲ့ ပုံစံ ၁၅ တွေကိုတော့ အချိန်မီပြင်ဆင်လျှောက်ထားဖို့ ကာယကံရှင်တွေဆီ ဆက်သွယ်အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။
မဲပေးခွင့်ရှိသူစာရင်းနဲ့ ထည့်ရမယ့် မဲကတ်ပြားတွေကတော့ စက်တင်ဘာလထဲ ပြန်ရောက်လာမယ်လို့ မျှော်လင့်ကြောင်း၊ မဲဆန္ဒရှင်တွေ စနစ်တကျမဲပေးနိုင်ဖို့နဲ့ ကိုဗစ်-၁၉ ကင်းစင်ရေးအတွက် ချင်းမိုင်ခရိုင်ကျန်းမာရေးဌာနထုတ်ပြန်ချက်နဲ့အညီ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပြီး မဲလာပေးမယ့် သူတွေကများတဲ့အတွက် အသုတ်လိုက်ခွဲပေးဖို့ စီစဉ်ထားတယ်လို့ ဦးဇော်မျိုးထက်က ပြောပါတယ်။
ဓာတ်ပုံ- UEC
Tags
ကြိုတင်မဲပေးရန် လျှောက်လွှာတင်ရက်
ထိုင်းရောက်မြန်မာနိုင်ငံသားများ
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up