နာမည်ကြီး 47 Ronin နောက်ဆက်တွဲရုပ်ရှင်ကို Mulan မင်းသား ဒါရိုက်တာအဖြစ် ရိုက်ကူးမည်

နာမည်ကြီးသရုပ်ဆောင်မင်းသား ကီနူးရိဗ်စ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆာမူရိုင်းရုပ်ရှင် 47 Ronin ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို နောက်ဆက်တွဲအနေနဲ့ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီနောက်ဆက်တွဲရုပ်ရှင်ကိုတော့ Mulan ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် မင်းသား Ron Yuan က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး Universal Picture ကနေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ “ကျနော့်အနေနဲ့ Universal နဲ့ လက်တွဲလုပ်ဆောင်ရမှာမို့ အရမ်းစိတ်လှုပ်ရှားမိပါ တယ်။ ဒီကားက တကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်” ၂၀၁၃ ခုနှစ်က ထွက်ရှိခဲတဲ့ 47 Ronin ရုပ်ရှင်ဟာ ဂျပန်နိုင်ငံကို အခြေခံပြီး ရိုက် ကူးထားခဲ့တာဖြစ်ပြီး ဒီကားထဲမှာတော့ John Wick ရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေ ရင်း နှီးကြတဲ့ မင်းသားကြီး Keanu Reeves ပါဝင်ထားပြီး မှော်ဆန်တဲ့ ကျွန်းတခုကနေ ထွက် ပြေးလွတ်မြောက်လာခဲ့ပြီး ဆာမူရိူင်းတွေနေထိုင်ရာ  နေရာကို ရောက်လာတဲ့ ကောင် လေးတယောက်အဖြစ် သရုပ်ဆောင်ထားခဲ့တာပါ။ ဆာမူရိုင်းတွေမင်းမူတဲ့ ဒေသမှာ ဆာ မူရိုင်း မဟုတ်တဲ့လူတယောက်အနေနဲ့ ဖိနှိပ်ခံ၊ ချိုးနှိမ်ခံရတဲ့ အခြေအနေတွေနဲ့အတူ အက်ရှင် ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ် သက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကားဟာ လူကြိုက်များခဲ့ပေမယ့် အရှုံးပေါ်တဲ့ ရုပ်ရှင်ကားတ ကား ဖြစ်ခဲ့ပြီး ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံရိုက်ကူးခဲ့ရာမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၅၁ သန်းသာ ပြန်လည် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ရိုက်ကူးမယ့် ဒီကားထဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကွင်းတည်နေရာ အသေးစိတ် အချက်အလက်တွေကို တော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up