မန်ယူအသင်းကို ကမ္ဘာ့အကြီးမားဆုံးကလပ်ဟု ဆီဗီလာနည်းပြ ချီးကျူး

1K
မန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းဖြစ်တယ်လို့ ဆီဗီလာနည်းပြ လိုပက်တီဂူက ပြောလိုက်ပါတယ်။
ဆီဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းကို ကျော်ဖြတ်ခဲ့ပြီးနောက် မန်ယူ နိုက်တက်နဲ့ ဆီမီးဖိုင်နယ်မှာတွေ့ဆုံ ပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းဖြစ်ပြီး အကောင်း ဆုံး လေ့ကျင့်ပြင်ဆင်ထားဖို့ လိုတယ်လို့ နည်းပြ လိုပက်တီဂူက ပြောပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းက အကောင်းဆုံးခြေစွမ်းရရှိနေတဲ့ အစဉ်အလာရှိ အသင်း ဖြစ်ပြီး အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ လိုပက်တီဂူက ပြော ပါတယ်။
ဆီဗီလာအသင်းဟာ ၂၀၁၇-၂၀၁၈ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ မန်ယူအသင်းကို နှစ်ကျော့ ပေါင်းရလဒ် ၂ဂိုး ၁ဂိုးနဲ့ အနိုင်ယူကျော် ဖြတ်ခဲ့ဖူးပါတယ်။