A d v e r t i s e m e n t With Us

ဂျာမန်ဆပ်ကပ်အဖွဲ့က  ခြင်္သေ့မစင်တစ်ဘူးကို  ၅ ယူရိုဖြင့် ရောင်းချပြီး စီးပွားရှာနေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆပ်ကပ်ပွဲတွေ ပိတ်ထားရလို့ ဆပ်ကပ်လုပ်ငန်းမှာ ဝင်ငွေတွေ လည်း မရှိတော့ပါဘူး။  ဒါပေမဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့ တစ်ဖွဲ့ကတော့ ဆပ်ကပ်ထဲက ခြင်္သေ့ရဲ့မစင်ကို ရောင်းချပြီး  စီးပွားရှာနေပါတယ်။  မြူးနစ်မြို့က  ခိုနာဆပ်ကပ်အဖွဲ့မှာ ခြင်္သေ့နဲ့ ကျားကောင်ရေ  ၂၆ ကောင် ရှိပါတယ်။ အခုတော့  အဲဒီဆပ်ကပ်အဖွဲ့ဟာ အပိုဝင်ငွေအဖြစ်  ခြင်္သေ့မစင်ကို ရောင်းချပြီး  ကပ်ရောဂါကာလတုန်းက ဆုံးရှုံးခဲ့တဲ့   ဝင်ငွေတွေကို ပြန်ဖြည့်တင်းနေပါတယ်။  ခိုနာဆပ်ကပ်အဖွဲ့အဆိုအရ  ခြင်္သေ့မစင်ကို တခြားတိရိစ္ဆာန်တွေ မလာစေဖို့  အိမ်တွင်း ဆေးအဖြစ် သုံးနိုင်တယ်လို့ လာဝယ်သူတွေ ပြောပြတဲ့အကြောင်း ခြင်္သေ့ လေ့ကျင့်ပေးသူ  မာတင်လေဆီက ဆိုပါတယ်။   အဲဒီခြင်္သေ့မစင် ရောင်းချတဲ့ဆိုင်ရှေ့က မစင်ပုံတူရုပ်ကလည်း လူတွေကို ရယ်မောစေ တယ်လို့ သူက ပြောပါတယ်။  ခြင်္သေ့ မစင် တစ်ဘူးကို  ၅ ယူရိုနဲ့ ရောင်းချပြီး   ရရှိတဲ့ ရန်ပုံငွေ တချို့ကို  ဖမ်းဆီးခံ တိရိစ္ဆာန်တွေ နေထိုင်ရတဲ့အခြေအနေ ပိုမိုကောင်းမွန်စေဖို့ လှူဒါန်းသွားမယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up