ဘာစီလိုနာကစားသမားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ
ဘာစီလိုနာအသင်းရဲ့ ကစားသမားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့အသင်းက သတင်းထုတ် ပြန်ပါတယ်။
အဲဒီကစားသမားက ဘယ်သူလဲဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ လာမယ့် ဘောလုံး ရာသီအတွက် လေ့ကျင့်ပြင်ဆင်ဖို့ သတင်းပို့ရာမှာ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီကစားသမားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားဖို့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ကို ရောက်ရှိ နေတဲ့ အသင်းကြီးလူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေနဲ့တော့ ထိတွေ့မှုမရှိခဲ့ဘူးလို့ အသင်းက သတင်းထုတ်ပြန်ပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ သြဂုတ် လ ၁၅ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကစားသမားကို သူ့ရဲ့ အိမ်မှာပဲ သီးသန့်ထားရှိပြီး ကုသပေးနေကြောင်းလည်း ဘာစီလိုနာအသင်းကသတင်းထုတ်ပြန်ပါတယ်။