သြစတြေးလျတွင် ကိုဗစ်-၁၉ ကြောင့် တရက်တည်း ၂၁ ဦး သေဆုံးပြီး လူနာသစ် ၄၁၀ ရှိလာ

908
သြစတြေးလျမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ အသေအပျောက်အများဆုံးနေ့အဖြစ် သြဂုတ်လ ၁၂ ရက်က ဗစ်တိုးရီးယားပြည်နယ်မှာ ၂၁ ယောက်ရှိပြီး ၂၄ နာရီအတွင်း အသစ် ကူးစက်ခံရသူ အယောက် ၄၁၀ ရှိလာပါတယ်။
ဒါကြောင့် ဗစ်တိုးရီးယားပြည်နယ်မှာဖြစ်နေတဲ့ ဒုတိယလှိုင်း တည်ငြိမ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ လျော့နည်း လာပါတယ်။
ပြည်နယ်မြို့တော်နဲ့ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မဲလ်ဘုန်းမြို့မှာ အစုလိုက်ကူးစက်သူတွေ တွေ့တာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က အာဏာပိုင်တွေဟာ ညမထွက်ရ အမိန့်ထုတ်ပြန်တာ၊ စည်းကမ်းချက်တွေ တင်းကျပ်တာနဲ့ ပြည်နယ်ဒေသ အတော်များများမှာ လုပ်ငန်းတွေကို ပိတ်ပစ် တာတွေ လုပ်ဖို့ ညွှန်ကြားခဲ့ရပါတယ်။
ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်ကလည်း ကူးစက်သူအရေအတွက် ကျဆင်းမယ့် အလားအလာရှိပေမယ်လို့ လော့ဒေါင်းအစီအမံသစ်တွေကြောင့် ကူးစက်သူ အရေအတွက် ပေါ်သက်ရောက်တာမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။
လက်ရှိ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၂,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၃၅၂ ယောက်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။