Home
မြန်မာသတင်း
မြသန်းတင့်၏ “ပါရီကျဆုံးခန်း” ရှားပါးစာအုပ် ပြန်လည်ထွက်ရှိလာ
DVB
·
August 12, 2020
ကွယ်လွန်သူ စာရေးဆရာကြီး မြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာ ပါရီကျဆုံးခန်း စာအုပ် ဒုတိယအကြိမ်အဖြစ် ပြန်လည်ထွက်ရှိပါတယ်။ မူရင်းဝတ္ထုဖြစ်တဲ့ ဆိုဗီယက်စာရေးဆရာကြီး အီလျာ အာရင်ဘတ်ရဲ့ “The Fall of Paris” စာအုပ်ကို မြန်မာဘာသာပြန်ထားခဲ့တဲ့ ဒီစာအုပ်ကိုတော့ ၁၉၈၃ ခုနှစ်က ပထမ အကြိမ် အတွဲ ၃ တွဲနဲ့ ထုတ်ဝေခဲ့ပြီး ထပ်မံထုတ်ဝေခဲ့ခြင်းမရှိခဲ့တဲ့အတွက် ဈေးကွက်ထဲ မှာ ရှာဖွေရခက်တဲ့ ရှားပါးစာအုပ်တအုပ် ဖြစ်ခဲ့ရတာပါ။ ခုတခါမှာတော့ အချိန်နှစ်ပေါင်း ၃၈ နှစ်အကြာမှာ ခန်းဆောင်နီစာပေကနေ တန်ဖိုးကျပ် ၁၅,၀၀၀ နဲ့ ဒုတိယအကြိမ် ထွက်ရှိလာတာဖြစ်ပါတယ်။ “ပါရီကျဆုံးခန်း”စာအုပ်ကတော့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ ပါရီရဲ့ ရုပ်ပုံလွှာကို ခြယ်မှုန်းရေးသားထားခဲ့တာပါ။ အဲဒီအချိန်ကာလမှာ ဟစ်တလာရဲ့ ဖက်ဆစ်ဝါဒက  ဥရောပတိုင်းပြည်တွေအပေါ် ခြိမ်းခြောက်နေချိန်ဖြစ်ပြီး ပါရီရဲ့ တနေ့ရွှေ၊ တနေ့ငွေ နိုင်ငံ ရေးနောက်ခံအခြေအနေနဲ့အတူ နိုင်ငံရေးသရုပ်ပြ ဝတ္ထုအနေနဲ့ ရေးဖွဲ့ထားခဲ့တာ ဖြစ်ပါ တယ်။ ဒီစာအုပ်ကို မှာယူလိုတယ်ဆိုရင်တော့ တိုးမြစ်နဲ့ ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်တွေ ကို တိုက်ရိုက်မှာယူနိုင်သလို ဖုန်းနံပါတ် ၀၉-၄၄ ၉၅ ၂၃ ၃၁၇ ကိုလည်း ဆက်သွယ်မှာယူ နိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024