A d v e r t i s e m e n t With Us

ဩစတြေးလျတွင် တရက်အတွင်း ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ ၄၀၀ ကျော်ရှိ

သြစတြေးလျမှာ ကိုဗစ်-၁၉ ကြောင့်  အသေအပျောက် အများဆုံးနေ့အဖြစ် သြဂုတ် ၁၂ ရက်က ဗစ်တိုးရီးယားပြည်နယ်မှာ  ၂၁ ယောက်ရှိပြီး ၂၄ နာရီအတွင်း အသစ်ကူးစက်သူ ၄၁၀ ရှိပါတယ်။ ပြည်နယ်မြို့တော် မဲလ်ဘုန်းနဲ့ ဒုတိယအကြီးဆုံးမြို့မှာ အစုလိုက်ကူးစက်သူတွေ တွေ့တာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က အာဏာပိုင်တွေဟာ ညမထွက်ရ အမိန့်ထုတ်ပြန်တာ၊ စည်းကမ်းချက်တွေ တင်းကျပ်တာနဲ့  ပြည်နယ်ဒေသအတော်များများမှာ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ညွှန်ကြားခဲ့ရပါတယ်။ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်ကလည်း ကူးစက်သူအရေအတွက် ကျဆင်းမယ့် အလားအလာရှိပေမယ့် လော့ဒေါင်းအစီအမံသစ်တွေကြောင့် ကူးစက်သူ အရေအတွက်ပေါ်မှာ သက်ရောက်တာမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်သူ ၂၂,၀၀၀- ကျော် ရှိပြီး သေဆုံးသူ ၃၅၂ ယောက်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up