A d v e r t i s e m e n t With Us

ဘေရွတ်မြို့ရှိ လွှတ်တော်ဝင်ပေါက်ကို ဆန္ဒပြသူများ မီးရှို့၊ သမ္မတ  နုတ်ထွက်ရန် တောင်းဆို

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က လွှတ်တော်အဆောက်အဦကို ဦးတည်ထားတဲ့ ဝင်ပေါက်ကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေ သြဂုတ် ၁၁ ရက်က မီးတင်ရှို့ခဲ့ပါတယ်။ အရင်အပတ်က ဘေရွတ်ဆိပ်ကမ်းမှာရှိတဲ့ အမိုနီယံနိုက်ထရိတ် တန်ချိန် ၂,၀၀၀ ကျော် သိုလှောင်ထားတဲ့ ကုန်လှောင်ရုံ ပေါက်ကွဲ မီးလောင်လို့ လူ ၁၇၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၃၀၊ ၄၀ လောက် ပျောက်နေလို့ ဆက်ရှာနေရဆဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ သမ္မတနဲ့ တခြားအရာရှိတွေ ရာထူးက ဖယ်ရှားပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။ သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကို ဒီကုန်လှောင်ရုံနဲ့ပတ်သက်ပြီး ဇူလိုင်လထဲမှာ သတိပေးထားတယ်လို့လည်း စာရွက်စာတမ်းတွေနဲ့ အကြီးတန်း လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။ ၄ ရက်မြောက် မတည်ငြိမ်မှုအတွင်း ကျောက်တုံးတွေနဲ့ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။ ဩဂုတ် ၁၀ ရက်က ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ရာထူးက နုတ်ထွက်ခဲ့ပေမယ့် ပြည်သူက ကျေနပ်မှု မရကြသေးပါဘူး။ အဂတိလိုက်စားနေတဲ့ အုပ်ချုပ်သူ လူတန်းစားလို့ ပြည်သူတွေက ရှုမြင်တဲ့ အစိုးရအဖွဲ့တရပ်လုံး ဖယ်ရှားဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up