နှစ်၇၀ ပြည့် ကရင်အာဇာနည်နေ့ ကေအန်ယူ ဗဟိုဌာနချုပ်တွင်ကျင်းပ






1.1K
ကရင်အာဇာနည်ခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးနေ့အထိမ်းအမှတ် ကျင်းပတဲ့ နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့အထိမ်းအမှတ်နေ့ကို ဒီနေ့ မနက်ပိုင်းက KUN/KNLA ဗဟို စစ်ဌာနချုပ်မှာ ပြုလုပ်ပါတယ်။
အခမ်းအနားမှာ KNLA စစ်သည်တွေနဲ့ စစ်ရေးပြပွဲ ပြုလုပ်ခဲ့ပြီး ကရင်ခေါင်းဆောင် KNU ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းနဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီအပါအဝင် ကရင်ဌာနဆိုင်ရာတို့က တက်ရောက်ကြပြီး ကရင်ခေါင်းဆောင်စောဘကြီး ကျောက်တိုင်မှာ လွမ်းသူပန်းခွေချကာ အလေးပြုခဲ့ကြပါတယ်။
ကရင်မျိုးဆက်သစ်လူငယ်တွေ တာဝန်အသိတရားရှိပြီး ကရင်တော်လှန်ရေးကို ရှေ့ဆက် ဦးဆောင်ကြဖို့ ကရင်တမျိုးသားလုံးရည်မှန်းတဲ့ ပန်းတိုင်ရောက်ဖို့ ညီညွတ်ဖို့လိုအပ်ကာ အားလုံးစုပေါင်းကြဖို့ အချိန်တန်ပြီလို့ ကေအန်ယူခေါင်းဆောင်က ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ ကရင်အာဇာနည်နေ့ နှစ် ၇၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကရင်ပြည်နယ် နေရာအသီးသီးမှာ ပြုလုပ်နေသလို ရန်ကုန်မြို့ကြီး တခြားနိုင်ငံတွေမှာလည်း ကျင်းပကြပါတယ်။
သတင်း - ဖိုးစီ၊ ဓာတ်ပုံ- KNU