Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်များအားလုံး ပိတ်သိမ်း
DVB
·
August 12, 2020
117179077_913844419099902_702477526891329247_o
117542705_913844279099916_1056835375407092546_o
ဧရာဝတီတိုင်းအတွင်း  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်ထွက်ဂိတ် တွေမှာဖွင့်လှစ်ထားရှိတဲ့  ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေကို  ဇူလိုင်လကုန်ပိုင်းက စတင်ကာ ပိတ်သိမ်းလိုက်ပြီလို့  တိုင်းအစိုးရအဖွဲ့ရုံး တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်များပြားလာတဲ့ ဧပြီ ၂၁ ရက်နေ့ကစပြီး ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကဝင်ပေါက်တွေဖြစ်တဲ့ စစ်ဆေးရေးဂိတ် ၆ ဂိတ်နဲ့ မြို့ပေါင်း ၃၃ မြို့တို့မှာ  ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ထားရှိခဲ့တာပါ။  ခုအချိန်မှာတော့ မလိုအပ်တော့လို့ ပိတ်သိမ်းလိုက်တာလို့ တိုင်းအစိုးရ အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်တွေနဲ့အညီ တောက်လျှောက် လိုက်လုပ်နေတာ အခုမြို့အဝင် စစ်ဆေးရေးဂိတ်တွေကို မလိုတော့ဘူးဆိုတော့ ကျနော်တို့ အဲ့ဒါတွေကို ပိတ်သိမ်းလိုက်ပြီ။ အဲ့ဒါတော့ တရားဝင် အစည်းအဝေးမှာ တိုင်းအဆင့်ကနေ သက်ဆိုင်ရာခရိုင်တွေကို ညွှန်ကြားချက်တွေ ထုတ်ပေးလိုက်ပြီ"လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့အဝင်ဂိတ်တွေအပြင် ကျေးရွာအများစုမှာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဂိတ်တွေထားရှိခဲ့ပြီး ပြင်ပက ပြန်လာသူတွေကို ခရီးသွားထောက်ခံစာနဲ့  ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ မြို့နယ်ကျန်မာရေးဌာန ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မြို့ခံစေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ၃ လကျော်ကြာ ကျန်းမာရေးစစ်ဆေးတာ တွေကို လုပ်ဆောင်ပေးခဲ့တာပါ။ ဧရာဝတီတိုင်းမှာ မလေးရှားနိုင်ငံကပြန်လာပြီး ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူခဲ့တဲ့အမျိုးသား၂ ဦး  ရောဂါပိုးတွေ့ရှိခဲ့ပေမယ့် ၂ ဦးလုံး ရောဂါပျောက်ကင်းသက်သာခဲ့ပြီဖြစ်လို့ တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကင်းစင်သွားပြီ ဖြစ်ပါတယ် ။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024