နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင်ကျင်းပ

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ သြဂုတ် ၁၂ ရက် မနက်က ကျင်းပပါတယ်။ ကရင်အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခွင့်အတွက် ပွဲစီစဉ်သူတွေဟာ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ၁၅ ယောက်ထက်မပိုဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မှာ ကျင်းပခွင့် တောင်းခံခဲ့ပေမယ့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်မရဘဲ အခမ်းအနား ကျင်းပခဲ့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ် စသိန်းဇော်မင်း၊ စောအဲလ်ဘက်ချိုတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ နဲ့ အရေးယူခဲ့ပါတယ်။ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် ကရင်တိုင်းရင်းသားတွေက သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားကျင်းပလေ့ရှိတာဖြစ်ပါတယ်။  Photo - Ye Myo Khant / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up