A d v e r t i s e m e n t With Us

တိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလို ပစ်မှတ်ထား

ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုဟာ အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။  စပိန်တိုက်စစ်မှူးမိုရာတာဟာ ၂၀၁၄-၂၀၁၅ ရာသီက ဂျူဗင်တပ်စ်အသင်းမှာ ပီယာလိုနဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်မှာ ဟီဂွါအင် ထွက်ခွာဖို့ရှိပြီး စီရော်နယ်ဒိုနဲ့ ဒိုင်ဘားလားတို့ဟာလည်း အထောင်တိုက်စစ်မှူးစစ်စစ် မဟုတ်တာကြောင့် မိုရာတာကို နည်းပြပီယာလိုက ခေါ်ယူလိုတာ ဖြစ်တယ်လို့ စပေါ့အီတလီယာက ဖော်ပြပါတယ်။ မိုရာတာဟာ အခုနှစ်ရာသီမှာ အက်သလက်တီကိုအတွက် စုစုပေါင်း ၃၄ ပွဲမှာ ၁၂ ဂိုး သွင်းယူထားပါတယ်။ အက်သလက်တီကိုအသင်းအနေနဲ့ ချဲလ်ဆီးကနေ ဝယ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၅၈ သန်းလောက် ပြန်လည်ရရှိမှသာ မိုရာတာကို ရောင်းချမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up