A d v e r t i s e m e n t With Us

ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိ တရားမဝင်ဆင်စွယ်များကို စင်ကာပူအာဏာပိုင်များ ဖျက်ဆီး

စင်ကာပူအာဏာပိုင်တွေဟာ ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိတဲ့ ဖမ်းမိတရားမဝင် ဆင်စွယ်အလေးချိန် ၉ တန်ကို  သြဂုတ် ၁၁ ရက်က ဖျက်ဆီးပစ်ခဲ့ပါတယ်။  စင်ကာပူနိုင်ငံဟာ အာဖရိကနဲ့ အာရှအကြား တရားမဝင် တိရစ္ဆာန်ထွက်ကုန်တင်ပို့ရာ ရေကြောင်းခရီးတထောက်လည်း ဖြစ်ပါတယ်။ ဖျက်ဆီးပစ်တဲ့ ဆင်စွယ်တွေဟာ မကြာသေးခင်က ကမ္ဘာတဝန်း ဖမ်းမိသမျှထဲမှာ အများဆုံး ဖြစ်ပြီး ဒါဟာ စင်ကာပူရဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု တိုက်ဖျက်ရေးကို ပြသလိုက်တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။  အွန်လိုင်းက ထုတ်လွှင့်တဲ့ တရားမဝင် ဆင်စွယ်ဖျက်ဆီးပွဲမှာ ဆင်စွယ်တွေကို ကျောက်ခွဲစက်ထဲ ထည့်ပြီး ဖျက်ဆီးတာကို မြင်တွေ့ရပါတယ်။ ဒီဆင်စွယ် ဖျက်ဆီးမှုဟာ ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး အပိုင်းအစတွေကို မီးရှို့သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မနှစ်က ဖမ်းမိတဲ့ တရားမဝင် ဆင်စွယ် ၈ ဒသမ ၈ တန် ပါဝင်ပြီး အဲဒီဆင်စွယ်တွေဟာ အာဖရိက ဆင်ကောင်ရေ ၃၀၀ နီးပါးဆီက ရရှိတာ ဖြစ်တယ်လို့ စင်ကာပူ အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up