A d v e r t i s e m e n t With Us

ရေးမြို့နယ်တွင် ရထားနှင့်ကားတိုက်မိသဖြင့် လူ ၆ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရေး-ရန်ကုန်ရထားလမ်းပိုင်း နှစ်ကရင်ကျေးရွာအနီးမှာ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက ရထားနဲ့ကား တိုက်မိခဲ့တာကြောင့် လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရထားလမ်းပိုင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။ နှစ်ကရင်ဘူတာရုံပိုင် ဦးငွေဌေးက “လူ ၅ ဦးထိခိုက်ဒဏ်ရာရလို့ ဆေးရုံကိုတင်ပို့ထားတယ်။ ခုညတော့ လမ်းပွင့်နိုင်အောင်ဆောင်ရွက်ပါမယ်။ ရန်ကုန်-ရေး ၈၁ အဆန်ရထားပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရထားခုတ်မောင်းနေစဉ် ကျောက်တင်ကားက ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပြီး ကားပေါ်ပါ လူတစ်ဦးနဲ့ ရထားပေါ်ပါလာသူ  ၅ ဦး စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရထား ၂ တွဲချော်သွားခဲ့ပါတယ်။ နှစ်ကရင်ကျေးရွာ ဒေသခံတစ်ဦးက “ရွာအဝင်လမ်းက ရွာကနေ မော်လမြိုင်၊ ရန်ကုန်၊ ရေးအစရှိတဲ့မြို့တွေကို သွားလာဖို့အတွက် အဓိကလမ်းတစ်ခုနေရာမှာ ရထားသွားနေတုန်း ဘေးမဖြစ်အောင်တော့ အကာအရံတွေလုပ်ပေးဖို့တော့ တာဝန်ရှိသူတွေ စီစဉ်ပေးစေချင်တယ်။ မတော်တဆမှုက ခုဆို ၃ ခါလောက်ရှိပြီ”လို့ ပြောပါတယ်။ ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေအဆင်ပြေစေရေးအတွက် နယ်မြေခံတပ်မတော်သားတွေနဲ့ ဒေသခံပြည်သူတွေ က ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ ရထား ၂ တွဲနဲ့ လမ်းပြင်ဆင်ရေးအတွက် အမှတ်၃၁၇ အမြာက်တပ်ရင်းနဲ့ အမှတ် ၁၀၆ တပ်ရင်းက တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးရထားဝန်ထမ်းတွေက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ရာမှာ ည ၁၁ နာရီလောက်မှာ ရထားလမ်းပြန်ပွင့်သွားခဲ့ပါတယ်။ သတင်း - ဝင်းနိုင်သက်

A d v e r t i s e m e n t With Us

More News
Up