A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ဆီနာဘွန်မီးတောင် ဒုတိယအကြိမ်ပေါက်ကွဲ

အင်ဒိုနီးရှားရဲ့ ဆီနာဘွန်မီးတောင်ဟာ မနေ့က ဒုတိယအကြိမ်ပေါက်ကွဲခဲ့ပြီး ပြာမှုန်တွေကို ကောင်းကင်ထက်ဆီ ၃ မိုင်ကျော်အထိ မှုတ်ထုတ်ခဲ့ပါတယ်။ ဆီနာဘွန်မီးတောင် ပေါက်ကွဲမှုအတွင်း  စူးရှကျယ်လောင်တဲ့  မြည်သံထွက်ပေါ်ခဲ့ပြီး ကောင်းကင်တခွင်လုံး မည်းမှောင်ကာ  နေ့ကနေ  ညအဖြစ် ကူးပြောင်းသလိုဖြစ်သွားတယ်လို့ အာဏာပိုင်တွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ ဆီနာဘွန်မီးတောင်ဟာ ဆူမားတြားကျွန်းမြောက်ဘက် ကာရိုမြို့မှာ တည်ရှိပြီး အမြင့်ပေ ၈,၀၀၀ စွန်းစွန်း ရှိပါတယ်။ ပေါက်ကွဲမှုကြောင့် မီးတောင်ဝန်းကျင် တစ်မိုင်ခွဲအတွင်းကို မသွားရောက်ဖို့  ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ညွှန်ကြားထားပါတယ်။ ဒါ့အပြင် မီးတောင် ပြာမှုန်တွေ မရှုရှိုက်မိစေဖို့ နှာခေါင်းစည်းတပ်ထားဖို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ သေဆုံးဒဏ်ရာရ သတင်းကို မသိရသေးဘဲ အဲဒီဒေသမှာ လေကြောင်းပျံသန်းတာတွေရှိနေဆဲ ဖြစ်တယ်လို့ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up