ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၂၀ ရှိ၊ အားလုံးပူးပေါင်းတိုက်ဖျက်ရန် WHO တိုက်တွန်း

808
ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် နိုင်ငံအားလုံးက အစိုးရနဲ့ နိုင်ငံသားအားလုံး ပူးပေါင်း ကြိုးပမ်းဖို့ WHO ညွှန်ချုပ် တက်ဒရိုဂတ်ဘရီအီးဆပ်စ်က တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာတဝန်း အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက်ဟာ ဒီသီတင်းပတ်မှာ သန်း ၂၀ အထိရှိလာပြီး သေဆုံးသူ ၇ သိန်းခွဲရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ချုပ်က သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။
အစုလိုက်ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့အပေါ် သတိကြီးကြီးထားဖို့ တက်ဒရိုက အလေးထား ပြောဆိုပြီး အများပြည်သူဆိုင်ရာ နေရာတွေကို ဘေးကင်းကင်းနဲ့ ပြန်ဖွင့်နိုင်မှသာ ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်မယ်လို့လည်း သူက ပြောဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ WHO အရေးပေါ် ကျန်းမာရေးအစီအစဉ် ဒါရိုက်တာ မိုက်ကယ်ရိုင်ယန်ကလည်း ဥရောပရဲ့ ကပ်ရောဂါအခြေအနေဟာ အပြည့်အ၀ ထိန်းချုပ်နိုင်တာ မရှိသေးဘဲ ကြိုတင်ကာကွယ်ရေး အစီအမံတွေကို လျှော့ချပစ်လို့ မဖြစ်ဘူးဆိုပြီး ပြောသွားခဲ့တဲ့အကြောင်း ရိုက်တာသတင်းက ရေးပါတယ်။