A d v e r t i s e m e n t With Us

ဂျွန်တယ်ရီနှင့် ဖာဒီနန်တို့ကို အခက်ခဲဆုံး ပြိုင်ဘက်များအဖြစ် ရောဘတ်ပီရက်စ် ရွေးချယ်

ဂျွန်တယ်ရီနဲ့ ဖာဒီနန်တို့ဟာ အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားတွေ ဖြစ်ခဲ့တယ်လို့ အာဆင်နယ် ကစားသမားဟောင်း ရောဘတ်ပီရက်စ်က ပြောပါတယ်။  ပြင်သစ်ကစားသမားဟောင်း ရောဘတ်ပီရက်စ်ဟာ ၂၀၀၀ ပြည့်နှစ်က အာဆင်နယ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်နဲ့ အက်ဖ်အေဖလားချန်ပီယံ ၂ ကြိမ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး၊ မန်ယူနိုက်တက်တို့နဲ့ ပွဲစဉ်တွေဟာ ခက်ခဲတဲ့ ပွဲစဉ်တွေဖြစ်ပြီး နောက်ခံလူတွေဖြစ်တဲ့ တယ်ရီနဲ့ ဖာဒီနန်တို့ဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းပြီး အခက်ခဲဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်လို့ ပီရက်စ်က သုံးသပ်တာပါ။ ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲစဉ်အနေနဲ့ ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ ပွဲမှာ လူစား ဝင်ကစားခဲ့ပြီး ကြံ့ခိုင်မှုအားပြုတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် မိမိနဲ့ အဆင်မပြေနိုင်ကြောင်း တွေးမိခဲ့တယ်လို့ ပီရက်စ်က ပြောပါတယ်။  ဒါပေမဲ့လည်း ပီရက်စ်ဟာ အာဆင်နယ်မှာ ခြေစွမ်းပြခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အားကစား ကလောင်ရှင်တွေက ချီးမြင့်တဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုရခဲ့သလို အကောင်းဆုံး အသင်းမှာလည်း ၃ နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up