ကျနော်တို့က မီဒီယာကို ချုပ်ကိုင်ဖို့ မဟုတ်ဘူး – ဦးရဲထွဋ်
မျိုးဇော်လင်း
·
June 8, 2013
အများပြည်သူဝန်ဆောင်မှုမီဒီယာက လူနေထူထပ်တဲ့ ဗမာလူမျိုးအများစုနေတဲ့ နေရာမှာရှိတဲ့ လူတွေရဲ့ နိုင်ငံရေး၊ ပညာရေး၊ အသိပညာနဲ့ နယ်စပ်မှာရှိတဲ့လူတွေ၊ ကျေးလက်ဒေသမှာ ရှိတဲ့ လူတွေအကြားမှာ ဖြစ်နေတဲ့ (knowledge gap) အသိပညာကွာဟမှုကို ကျဉ်းမြောင်းစေမှာ ဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအလုပ်တွေမှာ လွယ်ကူလာစေလိမ့်မယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
အများပြည်သူ ၀န်ဆောင်မှုမီဒီယာဟာ အစိုးရဘက်က မီဒီယာတွေကို ထိန်းချုပ်ဖို့ မဟုတ်ပါဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။
ဦးရဲထွဋ်နဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။