အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ ဧရာဝတီတိုင်းတရားသူကြီး စစ်ဆေး
DVB
·
August 11, 2020
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမျိုးညွန့်နဲ့ တာဝန်ရှိသူတွေဟာ သြဂုတ်လ ၁၀ ရက် မနက်ပိုင်းက ဖျာပုံမြို့နယ်အကျဉ်းထောင်နဲ့ မြို့မရဲစခန်းတို့ကို သွားရောက်စစ်ဆေး ကြပါတယ်။
တိုင်းတရားသူကြီးနဲ့ အဖွဲ့ဟာ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူတွေ၊ အချုပ်ကျနေသူတွေ နေထိုင်တဲ့အဆောင်တွေ၊ ဆေးပေးခန်း၊ စားဖိုဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းကျနေသူ၊ အချုပ်ကျနေသူတွေကိုလည်း နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ၊ ညှဉ်းပန်း နှိပ်စက်ခံရမှုတွေ ရှိ/မရှိ၊ အစားအသောက်အဟာရစားသုံးရတဲ့ အခြေအနေ၊ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးများရ/မရကိစ္စ မေးမြန်းခဲ့ပြီး လိုအပ်တာတွေကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနဲ့အဖွဲ့ဟာ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့မ ရဲစခန်း၊ ကျိုက်လတ်မြို့မရဲစခန်း၊ အချုပ်ထောင်၊ ဒေးဒရဲမြို့မရဲစခန်း၊ အချုပ်ထောင်တို့ကို လည်း သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမျိုးညွန့်နဲ့အတူ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ဒုညွှန်ကြားရေးမှူး ဒေါ်သိန်သိန်းဌေး၊ ဖျာပုံခရိုင်တရားသူ ကြီး ဒေါ်မိမိမော်နဲ့ မြို့နယ်တရားသူကြီး ဒေါ်မွန်ရည်အေးတို့ဟာ ဖျာပုံမြို့နယ်အကျဉ်းထောင်နဲ့ မြို့မရဲစခန်းတို့ကိုစစ်ဆေးခဲ့ရာမှဦ ဖျာပုံအကျဉ်းထောင်မှူးဦးဘိုဌေးက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူတွေ၊ အချုပ်ကျနေသူတွေရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
သတင်း - ကျော်စိုးမိုး