A d v e r t i s e m e n t With Us

ကမ္ဘာတဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၂၀ ကျော်ရှိလာ

ကမ္ဘာတဝန်းမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၂၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူက ၇ သိန်း ၃ သောင်းကျော်နဲ့ ရောဂါပိုးကင်းစင်သူက ၁၂ ဒသမ ၈ သန်းကျော်ရှိပြီလို့ သိရပါတယ်။ အမေရိကန်နိုင်ငံက အတည်ပြုလူနာ ၅ သန်းကျော်နဲ့ တကမ္ဘာလုံးမှာ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ဘရာဇီး၊ အိန္ဒိယနဲ့ ရုရှားတို့က အသီးသီး ရပ်တည်နေပါတယ်။ အမေရိကန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဒသမ ၂ သန်းလောက်၊ သေဆုံးသူက ၁၆၅၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်သူ ၂ ဒသမ ၆ သန်းကျော်ရှိပြီလို့ သိရပါတယ်။ ဘရာဇီးနိုင်ငံမှာတော့ အတည်ပြုလူနာ ၃ သန်းကျော်၊ သေဆုံးသူ ၁ သိန်းကျော်၊ ရောဂါပိုးကင်းစင်သူ ၂ ဒသမ ၁ သန်းကျော် ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၄၄,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်သူ ၁ ဒသမ ၅ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံမှာတော့ အတည်ပြုလူနာ ၈ သိန်း ၈ သောင်းကျော်၊ သေဆုံးသူ ၁၄,၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်သူ ၆၉၀,၀၀၀ သိန်းကျော်ရှိပြီလို့ worldometers ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up