အသက် ၃၆ နှစ်အရွယ် တီဗက်ဇ် ဘိုကာဂျူနီယာအသင်းနှင့် ၁ နှစ် သက်တမ်းတိုး

အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းနဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ်ချုပ် ဆိုလိုက်ပါတယ်။  အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ တီဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ၉ ဂိုးသွင်းခဲ့ပြီး ဘိုကာဂျူနီယာမှာ ဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တာပါ။  တီဗက်ဇ်ဟာ တနှစ်သက်တမ်းတိုးခဲ့တဲ့အပြင် နောက်ထပ် ၆ လစာချုပ်ပါ သက်တမ်းတိုးခွင့်ရှိပြီး အသက် ၃၇ နှစ်အထိ ဘောလုံးဆက်ကစားနေမှာဖြစ်ပါတယ်။  ဝက်စ်ဟမ်းအသင်းကနေ မန်ယူနဲ့ မန်စီးတီးအသင်းတွေမှာ အောင်မြင်မှုရခဲ့တဲ့ တီဗက်ဇ်ဟာ ဂျူဗင်တပ်နဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းတွေမှာလည်း ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။  ၂၀၁၈ ခုနှစ်မှာ ဘိုကာဂျူနီယာအသင်းကို ၃ ကြိမ်မြောက် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ ဆက်ကစားနေတာဖြစ်ပါတယ်။   တီဗက်ဇ်ဟာ ကစားသမားဘ၀တလျှောက် ပရီးမီးယားလိဂ်ချန်ပီယံ ၃ ကြိမ်၊ စီးရီးအေချန်ပီယံ ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင်  စုစုပေါင်း ဆုဖလား ၂၅ လုံး ရယူထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up