မြန်မာနေရှင်နယ်လိဂ် စတင်နိုင်ရန် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာယူ စစ်ဆေးမည်

Photo : Hantharwady United Football Club
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ ကလပ်အသင်းတွေအပြင် ဒိုင်လူကြီးတွေနဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဒီနေ့ ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ သြဂုတ် ၉ ရက်နဲ့ ၁၀ ရက်တွေက စတင်ပြီး စုစုပေါင်းကလပ်အသင်း ၈ သင်းဟာ သုဝဏ္ဏကွင်းအနီးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ အဆောင်တွေမှာ ၂ ပတ်ကြာ သီးသန့်နေထိုင်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ISPE အသင်းတွေကတော့ သူတို့ရဲ့အဆောင်တွေမှာပဲ သီးသန့်နေထိုင် လေ့ကျင့်သွားရမှာဖြစ်ပြီး ကလပ် အသင်းတသင်းကို နည်းပြ၊ အုပ်ချုပ်သူနဲ့ ကစားသမားစုစုပေါင်း ၃၀ Quarantine ဝင်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်စစ်ဆေးမှုမှာ ပိုးတွေ့ရှိသူ မရှိမှသာ ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်မှာ စတင်ကျင်းပဖို့ တင်ပြသွားမယ်လို့ သိရပါတယ်။  ကျန်းမားရေးနဲ့အားကစားဝန်ကြီးဌာန ဘက်ကတော့ ပြိုင်ပွဲစတင်နိုင်ဖို့အတွက် ဘောလုံးအသင်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ၄၅ ချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။  မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၀ အပြီးမှာ ဟံသာဝတီယူနိုက်တက်က  ဒုတိယနေရာက ဧရာဝတီယူနိုက်တက်ထက် တပွဲပိုကစားထားပြီး ၄ မှတ်အသာနဲ့ ဦးဆောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up