A d v e r t i s e m e n t With Us

ပျက်ကျ အိန္ဒိယလေယာဉ် ပျံသန်းမှု မှတ်တမ်းသေတ္တာနှင့် အသံဖမ်းစက် ပြန်ရ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ ခရီးသည်တင် လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကနေ ပျံသန်းမှုဆိုင်ရာ မှတ်တမ်းသေတ္တာ Black Box နဲ့ လေယာဉ်မောင်းခန်းထဲက အသံဖမ်းစက်တို့ကို ပြန်ရပြီလို့ အရပ်ဘက်လေကြောင်းဝန်ကြီးက သြဂုတ် ၈ ရက်မှာ ပြောပါတယ်။  လူ ၁၈ ယောက် သေပြီး ၁၆ ယောက် အပြင်းအထန် ဒဏ်ရာရတဲ့ သြဂုတ် ၇ ရက် လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ထင်ရာမြင်ရာတွေ မခန့်မှန်းကြဖို့လည်း ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  အဲယား အိန္ဒိယ အိက်စ်ပရက်စ် လေယာဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ဒူဘိုင်းမြို့မှာ သောင်တင်နေတဲ့ အိန္ဒိယ နိုင်ငံသားတွေကို ပြန်ခေါ် လာတဲ့ လေယာဉ်ပါ။ မိုးကြီးနေလို့ နိုင်ငံတောင်ပိုင်း ကိုဇီကိုဒေမြို့နားက ကာလီကတ် နိုင်ငံတကာ လေဆိပ် ပြေးလမ်းကို ကျော်လွန်ပျက်ကျခဲ့တာဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း အဆိုးဆုံး ခရီးသည်တင် လေယာဉ် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up