အသုံးပြုရန်မသင့်သော ခဲယမ်းများ ဖောက်ခွဲဖျက်ဆီး
DVB
·
August 9, 2020
မကွေးတိုင်း၊ ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၃ ခြေလျှင်တပ်ရင်းက အသုံးပြုရန် မသင့်သော ခဲယမ်းတွေကို ချောက်မြို့ အမှတ် ၁ ရပ် ရွှေပုံတောင်၊ စဥ့်ကူချောင်းအတွင်း ဒီကနေ့မနက်ပိုင်း ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
အသုံးပြုရန်မသင်တော့တဲ့ အန္တရာယ်ရှိ ခဲယမ်း BA 91 လက်ပစ်ဗုန်း ၁၀ လုံး၊ BA 109 လက်ပစ်ဗုံး ၁၅ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ၇၃ မမ ဗုံးသီး ၁ လုံး၊ M 14 နင်းမိုင်း ၄ လုံး၊ MA 14 ယမ်း ၂ ထုပ်တို့ကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
အမှတ် ၁၃ ခြေလျင်တပ်ရင်းက ဗိုလ်ကြီး မျိုးမင်းပိုင်အပါအဝင် စစ်သည် ၆ ဦးနဲ့ ခဲယမ်း စစ်ဆင်ရေးတပ်မှ ဗိုလ်ကြီး ချမ်းမြေ့ဦးပါ နှစ်ဦးတို့က ဒီနေ့မနက် ၉ နာရီ ၄၅ အချိန်လောက်မှာ အန္တရာယ်ကင်ရှင်းစွာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)