A d v e r t i s e m e n t With Us

စီရော်နယ်ဒို ထွက်ခွာမည့်သတင်းမဟုတ်မှန်ကြောင်း ဂျူဗင်တပ်အသင်း ဖြေရှင်း

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေမဟုတ်မှန်ကြောင်း အသင်းဘက်က ဖြေရှင်းလိုက်ပါတယ်။  ဂျူဗင်တပ်အသင်းဟာ လိုင်ယွန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့တုန်းက အဝေးဂိုးမရခဲ့ဘဲ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။  ဒုတိယအကျော့မှာ စီရော်နယ်ဒိုက ၂ ဂိုးသွင်းခဲ့ပေမဲ့ ကွာတားဖိုင်နယ် တက်ခွင့်မရခဲ့အတဲ့အပေါ်မှာ စိတ်ပျက်နေပြီး အသင်းကနေထွက်ခွာဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။  ဂျူဗင်တပ်အရာရှိချုပ် အန်ဒရီယာကတော့ စီရော်နယ်ဒိုဟာ အသင်းမှာ ဆက်ရှိမှာဖြစ်ကြောင်းနဲ့ ရလဒ်ပိုင်းက စိတ်ပျက်စရာ ဖြစ်ခဲ့ပေမဲ့ လာမယ့်ရာသီအတွက်ပဲ ပြင်ဆင်မှုတွေ ပြုလုပ်သွားရမယ်လို့ အသင်းအရာရှိချုပ်က ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up