A d v e r t i s e m e n t With Us

ယူ ၂၃ နည်းပြ ပီယာလိုကို ဂျူဗင်တပ်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်

နည်းပြ ဆာရီကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ယူ ၂၃ နည်းပြ ပီယာလိုကို နည်းပြချုပ်အဖြစ်  ပြောင်းလဲခန့်အပ်လိုက်ပါတယ်။  ယူ ၂၃ နည်းပြအဖြစ် ခန့်အပ်အပြီး ၉ ရက်အကြာမှာပဲ ပီယာလိုကို အသင်းကြီး နည်းပြချုပ်အဖြစ်ပြောင်းလဲခန့်အပ်ခဲ့တာပါ။  နည်းပြဆာရီကို ရာထူးကနေထုတ်ပယ်လိုက်ပြီးနောက် တခြားနည်းပြတွေနဲ့ ရေပန်းစားခဲ့ပေမယ့် လူငယ်နည်းပြ ပီယာလိုကို စနေနေ့ညနေပိုင်းကပဲ နည်းပြချုပ်အဖြစ် တရားဝင်စာ ချုပ်ဆိုခဲ့တာပါ။  အီတလီကွင်းလယ်လူဟောင်း ပီယာလိုဟာ ၂၀၁၁ ခုနှစ်က အေစီမီလန်ကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက်စုစုပေါင်းပွဲ ၁၀၀ ကျော်ကစားပေးခဲ့ပါတယ်။  ၂၀၁၅ ခုနှစ်မှာ အသင်းကနေ ထွက်ခွာခဲ့ပြီး အမေရိကန်မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးမှာ ကစားခဲ့ပါတယ်။  နည်းပြချုပ်အနေနဲ့ ပထမဆုံးအကြိမ်ကိုင်တွယ်မယ့် ပီယာလိုဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up