A d v e r t i s e m e n t With Us

၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်

ဓာတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဒီနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့မှာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကျန် ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေတယ်လို့ ဒီနေ့ညနေ ၄ နာရီမှာ ထုတ်ပြန်ပါတယ်။ မနက်ဖြန် မနက်ပိုင်းအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်မှာ ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၆ ပေကနေ ၉ ပေလောက် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ မနက်ဖြန် မနက်ပိုင်းအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့တို့နဲ့ အနီးတဝိုက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ်နဲ့ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up