သီဟိုဠ်ရှင် ဘုရားကြီးတွင် တွေ့ရသည့် မြေအောက်လှိုင်ဂူ ရှေးဟောင်းဂူမဟုတ်
DVB
·
August 8, 2020
ပခုက္ကူ၊ သီဟိုဠ်ရှင် ဘုရားကြီးမှာတွေ့ရှိရတဲ့ မြေအောက်ခန်း လေးခန်းပါ လှိုင်ဂူက ရှေးဟောင်းမဟုတ်ဘဲ နှစ် ၁၀၀ ဝန်းကျင်က ဆောက်ထားတဲ့ ဘုရားကြီးအား ရေသပ္ပါယ်ရာမှ ကျလာတဲ့ရေ အပြင်မရောက်စေဖို့ ကန်ဆယ်ထားတဲ့ နေရာတခုဖြစ်တယ်လို့ မကွေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးရဲလွင်က ပြောပါတယ်။
“ရေကန်လိုမျိုးပါပဲ။ အပေါ်က ရေလောင်းလိုက်ရင် အဲဒီအထဲရေကျမယ်၊ ဘုရားရေသပ္ပါယ် ရင် အဲဒီထဲရောက်သွာမယ်၊ အဲဒါမျိုးပါပဲ။”
အဲဒီနေရာကို မကွေးတိုင်း ရှေးဟောင်းသုတေသနဦးစီးဌာနက မနက်ပိုင်း ၁၁ နာရီအချိန်ခန့်က သွားရောက်စစ်ဆေးခဲ့တာပါ။
ဂေါပက ဒုဥက္ကဋ္ဌ ဦးတင်မြင့်က “တန်ခူးလမှာ ရေသပ္ပါယ်တဲ့ နေရာနဲ့ ထိစပ်နေရာဆိုတော့ အဲဒီရေဆင်းပေါက်ကို ရေ ၅ ပုံးလောက်လောင်းကြည့်လို့ အဲဒီရေထွက်ပေါက်ကနေ အခုတွေ့ထားတဲ့ အခန်း ၄ ခန်းထဲကို ရောက်သွားတာတွေ့ရတယ်။ အရင်ကလည်း ဘုရားသပ္ပါယ်ရေဆိုတာ အပြင်ရောက်သွားရင် မကောင်းဘူဆိုတဲ့ အယူအဆတွေကြောင့် ရေထိန်းထားတဲ့ ကန်လို့ယူဆတယ်” လို့ ပြောပါတယ်။
ရှေးသမိုင်းဝင် သီဟိုဠ်ရှင်ဘုရာကြီးဝင်း ရေသွင်းကန်အရှေ့ဘက်မှာ စည်ပင်ကရေ မြောင်းတူးဖော်ရာက လေးကွက်ဆိုင် အခန်း ၄ ခန်းပုံစံ လိုဏ်ဂူတခု သြဂုတ် မနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က တွေရှိခဲ့တာပါ။
ရေမြောင်းတူးဖော်မှုကို ရှောင်ကွင်းဖို့နဲ့ အဆိုပါအပေါက် ပြန်ပိတ်ဖို့ ရှေးဟောင်းသုတေသနအဖွဲ့က မှာကြားသွားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)