ထိုင်ဝမ်တွင် Xpark ရေသတ္တဝါပြတိုက်ဖွင့်လှစ်၊ ရေသတ္တဝါကောင်ရေ ၃ သောင်း ပြသထား
ထိုင်ဝမ်မှာ ရေသတ္တဝါပြတိုက်သစ်ကို သြဂုတ်လ ၇ ရက်က ဖွင့်လှစ်လိုက်လိုက်ပြီး ပင်ဂွင်းနဲ့ ရေခူတို့ကို ဧည့်ပရိသတ်တွေက သဘောကျနေကြတယ်လို့ သိရပါတယ်။
အဲဒီပြတိုက်သစ်ကို ၂၀၁၉ နှစ်ကုန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခုမှ ဖွင့်ခဲ့ရတယ်လို့ Xpark ရေသတ္တဝါ ပြတိုက် ဒါရိုက်တာက ရှင်းပြပါတယ်။
လာရောက်သူ အမျိုးသမီးတဦးက “ပြတိုက်ဖွင့်ဖို့ကို အကြာကြီး စောင့်ခဲ့ရတာမို့ ကြားကြားချင်း လက်မှတ် အမြန်ဝယ်ခဲ့တယ်” လို့ ဆိုပါတယ်။
ထိုင်ဝမ် ရေသတ္တဝါပြတိုက်သစ်က ပြခန်း ၁၃ ခုမှာ ရေသတ္တဝါ မျိုးစိတ် ၃၀၀ ကျော်ရဲ့ စုစုပေါင်း ရေသတ္တဝါ ကောင်ရေ ၃၀,၀၀၀ ကို ပြသထားတယ်လို့ ကျိုဒိုသတင်းအေဂျင်စီက ဆိုပါတယ်။
Xpark ရေသတ္တဝါ ပြတိုက်သစ်ဟာ ပထမဆုံးနှစ်မှာ ဧည်သည်ပေါင်း ၁ ဒသမ ၆ သန်း လာရောက်ပြီး နှစ်စဉ် အမြတ်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀ လောက်ရဖို့ မျှော်လင့်ထားတယ်လို့ တာဝန်ရှိသူတဦးကို ကိုးကားပြိး ကျိုဒိုသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။