Live
Home
မြန်မာသတင်း
မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်
DVB
·
August 8, 2020
ဒီနေ့မနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၃ မြို့ရဲ့ မြစ်ရေဟာ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ပြန်လည် ကျဆင်းနိုင်ပြီး မြို့ ၂ မြို့ရဲ့ မြစ်ရေကတော့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။၊ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။    ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငါးသိုင်းချောင်းမြို့ နဲ့ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024