ပြင်သစ် ဒေသန္တရနယ်မြေ ၄၅ ခုကို လိမ္မော်ရောင်အဆင့် အပူလှိုင်းသတိပေးချက်ထုတ်ပြန်

1K
သြဂုတ်လ ၇ ရက်က ပြင်သစ်နိုင်ငံ ထက်ဝက်လောက်မှာ အပူလှိုင်းတွေ ဖြတ်ခဲ့ပြး ဒေသန္တရနယ်မြေ ၉၆ ခုထဲက ၄၅ ခုကို လာမယ့် ရက်တွေမှာ လိမ္မော်ရောင်အဆင့်အပူလှိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
သီတင်းပတ်ကုန်ရက်မှာ တချို့ ဒေသတွေရဲ့ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရောက်နိုင်တယ်လို့ ပြင်သစ်မိုးလေဝသဌာနက ပြောပါတယ်။
သြဂုတ်လ ၇ ရက်က မြို့တော် ပဲရစ်က စိန့်မြစ်ကမ်းနံဘေးမှာ လူတချို့ အပန်းဖြေနေကြပြီး တချို့ကလည်း ရေပန်းအေးအေးတွေနဲ့ ရေစိမ်နေကြပါတယ်။
ကျန်းမာရေးဝန်ကြီး အိုလီဗာ ဗက်ရန်ကလည်း တီဗီရစ် ဒေသက သက်ကြီးစောင့်ရှောက်ရေး ဂေဟာကိုသွားပြီး သက်ကြီးရွယ်အိုတွေကို အပူလှိုင်း ဖြတ်နေချိန်မှာ ပိုမိုဂရုစိုက်ဖို့နဲ့ ရေဓာတ်မခန်းခြောက်စေဖို့ သတိပေးခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အပူချိန် မြင့်တက်မှုကို ကြုံတွေ့ခဲ့ပြီး အပူဆုံး ကာလတခု ဖြစ်မယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဟာ နှစ်ပေါင်း ၆၀ အတွင်း အပူဆုံး လတစ်လ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။