A d v e r t i s e m e n t With Us

ရေနံ့သာစစ်ဆေးရေဂိတ်တွင် တရုတ်နိုင်ငံသား ၁ ဦးကို မူးယစ်ဆေးများနှင့်ဖမ်းမိ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေဂိတ်မှာ သြဂုတ် ၇ ရက်နေ့က ရပ်မပေးဘဲ ဖြတ်မောင်းသွားတဲ့ ကားအား လိုက်ဖမ်းရာက တရုတ်နိုင်ငံသား ၁ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပုသိမ် - မုံရွာ ကားလမ်း အတိုင်း မောင်းနှင်လာတဲ့ Ford အမျိုးစားကားကို စစ်ဆေးဖို့တားစဉ် ရပ်မပေးဘဲ ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးစဉ် မိုင်တိုင်အမှတ် (၃၁/၇) နဲ့ (၃၂/၀)ကြားအရောက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွန့်က DVB ကို ပြောပါတယ်။ "တရုတ်နိုင်ငံသား ၁ ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းမိတာ ဟုတ်ပါတယ်။ ခုတော့ စစ်ဆေးတာတွေ ပြုလုပ်နေပါပြီ။ အသေးစိတ်ကိုတော့ ကျနော်တို့ ပြောလို့မရသေးပါဘူး၊ တရားဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမှာပါ။” ကားပေါ်မှာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၂ ပြားနဲ့အတူ အသက် ၃၅ နှစ်အရွယ် ထန်ဟိုင်လင်း (ခ) အောင်ကို ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသား တန်ဟိုင်လင်း (ခ) အောင်ကိုမှာ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ရွှေပုန်းညှက်အိမ်ရာမှာ နေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသားကို ကုန်ပြင်နယ်မြေရဲစခန်းမှာ မူးယစ် (ပ) ၁/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် ဆေးကိုပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာပုဒ်မ ၁၉(က)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးဂိတ်မှာ နိုင်ငံခြားသား ၁ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိတာလို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)

A d v e r t i s e m e n t With Us

More News
Up