တိုက်စစ်မှူးဟောင်းဗန်ပါစီ ဖီယင်နုအသင်းတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူမည်

အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ဗီယင်နုအသင်းမှာ လက်ထောက်နည်းပြအဖြစ် စတင်တာဝန်ယူတော့မှာဖြစ်ပါတယ်။  ဗန်ပါစီဟာ ၂၀၁၈ ခုနှစ်က ဖီယင်နုအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့တာပါ။  လက်ရှိအချိန်မှာတော့ နည်းပြချုပ်  ဒစ်ခ်အက်ဒ် ဗိုကတ်ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအနေနဲ့ တာဝန်ယူသွားမှာဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ်ကတည်းက စတင်လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုနှစ်ရာသီမှသာ စတင်တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ဗန်ပါစီကပြောပါတယ်။  ပြီးခဲ့တဲ့နှစ်အတွင်းမှာ အင်္ဂလန်မှာ ဘောလုံးသုံးသပ်တင်ဆက်သူလုပ်ခဲ့သလို မိသားစုနဲ့ ခရီးတွေလည်းသွားခဲ့ပြီး နည်းပြဘဝအဖြစ်လည်း ပျော်ရွှင်စွာနဲ့ အသင်းကိုကူညီသွားချင်တယ်လို့ ဗန်ပါစီကပြောပါတယ်။  အသင်းဖော်ဟောင်းဖြစ်တဲ့ ဖီယင်နုအသင်းခေါင်းဆောင်ဟောင်း ဘာ့ချ်ဟစ်ဟာလည်း ဗန်ပါစီနဲ့အတူ နည်းပြအဖွဲ့မှာ ပါဝင်မှာဖြစ်ပါတယ်။  အသက် ၃၇ နှစ်ရှိ ဗန်ပါစီဟာ ကစားသမားဘဝကို ဖီယင်နုအသင်းမှာပဲ စတင်ခဲ့ပြီး ၃ ကြိမ်မြောက်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up