ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ်အဖြစ် လူမင်းကို တင်မြှောက်
DVB
·
June 7, 2013
ကျန်းမာရေးအခြေအနေအရ နုတ်ထွက်သွားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာကို ဒုဥက္ကဋ္ဌ တာဝန်ယူနေတဲ့ သရုပ်ဆောင် လူမင်းကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း အစည်းအရုံး ရုံးအဖွဲ့ တာဝန်ရှိသူ ဦးမောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမှာ ဒီနေ့ ကျင်းပတဲ့ အမှုဆောင် အစည်းအဝေးကနေ ဦးဇင်ဝိုင်း နုတ်ထွက်စာကို လက်ခံပြီး ကျန် ၁၀ လ သက်တမ်းလောက် တာဝန်ထမ်းဆောင်ဖို့ ဦးလူမင်းကို ရွေးချယ်တင်မြှောက်လိုက်တာလို့ သူက ရှင်းပြပါတယ်။
ဦးဇင်ဝိုင်းဟာ အစိုးရသစ်ပြောင်းပြီး ရုပ်ရှင်ဗွီဒီယိုလောကသားတွေရဲ့ ပထမဦးဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး အခြားသော အဖွဲ့အစည်းတွေလို ရုပ်ရှင်အစည်းအရုံးကို အဖွဲ့ကွဲမသွားအောင် စည်းရုံးနိုင်သူအဖြစ် ရုပ်ရှင်လောကသားတွေရဲ့ ချီးကျူးခံရသူ ဖြစ်ပါတယ်။