Home
မြန်မာသတင်း
တပ်မတော်သား ၁၃ ဦးအပါအဝင် မြန်မာ ၁၇၄ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
August 8, 2020
ပါကစ္စတန်နိုင်ငံ မြန်မာစစ်သံရုံးက တပ်မတော်သား ၁၃ ဦးအပါအဝင် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၄ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပါကစ္စတန်နိုင်ငံ၊ မြန်မာစစ်သံရုံးက တပ်မတော်သား ၁၃ ဦး၊ ဘာရိန်းနိုင်ငံက  ၂ ဦး၊ ယူအေအီးနိုင်ငံက ၁၀၉ ဦး၊ ကူဝိတ်နိုင်ငံက ၈ ဦး၊ အီဂျစ်က ၁၀ ဦး၊ တူရကီက ၅ ဦး၊ ဆိုက်ပရပ်စ်က ၂ ဦး၊ ပနားမားက ၁ ဦး၊ မော်လဒိုက်က ၉ ဦး၊ ဘရာဇီးက ၄ ဦး၊ တောင်အာဖရိကက ၄ ဦး၊ အီတလီက ၂ ဦး၊ အီရန်က ၂ ဦး၊ ဆွစ်ဇာလန်က ၁ ဦး၊ ယူဂိုဆလားဗီးယားက ၁ ဦး၊ ဂျာမနီက ၁ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၄ ဦးတို့ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၁ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြတာပါ။ သူတို့ကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ဒီနေ့မနက်ပိုင်းအထိ စုစုပေါင်း ၁၀,၀၁၄ ဦးရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024