
ဆုအတွက် အမည်စာရင်းတင်သွင်းတာကိုတော့ ကိုယ်တိုင်မဟုတ်ဘဲ တခြား ဘယ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမဆို ပြုလုပ်နိုင်မှာဖြစ်ကာ လိုအပ်ချက်တွေအနေနဲ့ အမည်စာရင်း တင်သွင်းခံရသူ ဟာ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ရမှာ ဖြစ်ကာ အဆိုပါ လူပုဂ္ဂိုလ်/အဖွဲ့အစည်းဟာ ဒီဂျစ် တယ်အသိုင်းအဝန်းမှာ လူအများအတွက် တစုံတခုကို သတ္တိပြောင်မြောက်စွာ လုပ် ဆောင်ခဲ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမည်စာရင်းတင်သွင်းမှုတွေထဲက အကဲဖြတ်အဖွဲ့ကနေ ဆန်ကာတင် ၁၀ ယောက် ရွေးချယ်မှာဖြစ်ကာ အဲဒီထဲကမှ သတ္တိရှိမှု၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခြင်း၊ အများအတွက် စံပြဖြစ်နိုင်မှုစတဲ့ အချက်တွေပေါ် အကဲဖြတ်ဆန်းစစ်ပြီး အနိုင်ရရှိသူကို ရွေးချယ်မှာ ဖြစ်ပါတယ်။
မိမိပတ်ဝန်းကျင်မှ အပြောင်းအလဲလုပ်ဆောင်နေသူတွေကို တစ်နိုင်ငံလုံး သိနိုင်စေဖို့အတွက် ဖော်ပြပါ https://goo.gl/6VqHN1 (google form) ကတစ်ဆင့် အဆိုတင်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ဆက်သွယ်စုံစမ်းဖို့နဲ့ အသေးစိတ်အချက်အလက်တွေ သိရှိလိုပါက အောင်သူဟိန်း ဖုန်း - ၀၉၄၂၀၁၂၂၄၉၀၊ ([email protected]) သန်းနိုင်အောင် ၀၉-၄၂၁၀၈၄၅၅၈ ([email protected]) သို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
မနှစ်က ချီးမြှင့်တဲ့ Digital Courage Award 2019 ဆုကိုတော့ မြန်မာနိုင်ငံအ တွက် ဇော်ဂျီဖောင့်ကို စတင်တီထွင်ခဲ့သူ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ ဦးရဲမြတ်သူက ရရှိခဲ့ပါတယ်။