ကညနက ကျပ်ငွေဖြင့် အခွန်အခ ဇွန် ၁၀ ရက် စကောက်မည်

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) က အခွန်အခ နှုန်းထားတွေကို ဇွန်လ ၁၀ ရက်နေ့ကစပြီး ကျပ်ငွေနဲ့ ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ပြည်ပတင်သွင်းယာဉ် ကနဦးမှတ်ပုံတင်ခတွေ၊ နယ်စပ်ဒေသ၀င်ပေါက်ကနေ ၀င်ရောက်ယာဉ်အပေါ် ကောက်ခံသည့် နယ်စပ်ဒေသဖြတ်သန်းခတွေ၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့် လက်မှတ်ထုတ်ပေးခြင်း၊ သံတမန်နှင့်အဖွဲ့အစည်းတွေရဲ့ သံတမန်အခွင့်အရေးမရတဲ့ ပုဂ္ဂိုလ်တွေဆီက ကောက်ခံတဲ့ ယာဉ်နဲ့ယာဉ်မောင်းလိုင်စင်ဆိုင်ရာ မှတ်ပုံတင်ခတွေ၊ နိုင်ငံခြားသားနှင့် နိုင်ငံခြား ကုမ္ပဏီ အမည်ပေါက် ယာဉ်မှတ်ပုံတင်ခတွေ၊ နိုင်ငံခြားသား ယာဉ်မောင်းလိုင်စင်တွေ မြန်မာနိုင်ငံယာဉ်မောင်း လိုင်စင်ပြောင်းလဲထုတ်ပေးတွေ ကိစ္စရပ်တွေကို ကျပ်ငွေနဲ့ ကောက်ခံတော်မှာ ဖြစ်ပါတယ်။ ကောက်ခံရာမှာ နိုင်ငံခြားငွေနှုန်းထားအပေါ်ဗဟိုဘဏ်က ထုတ်ပြန်တဲ့ Exchange rate အရ ကောက်ခံသွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up