သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတနှင့်မဟာမိတ်ပါတီ မဲအများစုရရှိ

948
သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာနဲ့သူရဲ့ မဟာမိတ်ပါတီတွေက မဲအများစု သုံးပုံနှစ်ပုံကို ရရှိခဲ့တယ်လို့ သြဂုတ် ၇ ရက် ရွေးကောက်ပွဲ ရလဒ်က ဖော်ပြပါတယ်။
ဒီလိုအနိုင်ရလိုက်တဲ့အတွက် သမ္မတရာဂျာပတ်စာဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်နိုင်တဲ့ အခွင့် အာဏာကို ရရှိသွားပါတယ်။
ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ အာဏာရပါတီနဲ့မဟာမိတ်တွေဟာ အမတ်ဦး ရေ ၂၂၅ နေရာရှိတဲ့ လွှတ်တော်မှာ အမတ်နေရာ ၁၅၀ အနိုင်ရခဲ့ပါတယ်။
လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံရရေးဟာ သီရိလင်္ကာကျွန်းနိုင်ငံငယ်လေးကို စီးပွားရေးနဲ့စစ်ရေး လုံခြုံစိတ်ချရစေမယ့် သူ့ရဲ့အစီအစဉ်ကို အကောင်ထည်ဖော်ဖို့ အရေးကြီး တယ်လို့ သမ္မတ ဂိုတာဘာယာက ပြောထားပါတယ်။
သမ္မတ ဂိုတာဘာသာဟာ အစ်ကိုဖြစ်သူ သမ္မတဟောင်း မဟင်ဒရာရာဂျာပတ်စာကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အစ်ကိုဖြစ်သူ မဟင်ဒရာရာဂျာပတ်စာ သမ္မတ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း တမီးလ်ခွဲထွက်ရေး ကျားသူပုန်တွေကို ချေမှုန်းရာမှာ ရာဂျာပတ်စာတို့ ညီအစ်ကို နှစ်ယောက်ဟာ ထင်ရှားသူတွေဖြစ်ပါတယ်။