A d v e r t i s e m e n t With Us

စီးပွားရေးကုစားရန် အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံသုံးစွဲဟု ဩစတြေးလျဝန်ကြီးချုပ်ပြော

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေးဒဏ်ချက်တွေကိုကုစားဖို့ အစိုးရအနေနဲ့ ဩစတြေးလျဒေါ်လာ ဘီလီယံ ၃၀၀ (အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံ) သုံးထားတယ်လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောပါတယ်။  တိုင်းပြည်ဟာ ကိုဗစ်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ရှာဖွေနေပြီး ရခဲ့ရင် တကမ္ဘာလုံးကို အကန့် အသတ်မရှိ ဝေငှသွားမယ်လို့လည်း မစ္စတာ မော်ရစ်ဆင်က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။  လာမယ့်နှစ်မတ်လ ၂၁ ရက်အထိ သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေအစီအစဉ်ကလည်း ဩစတြေးလျဒေါ်လာ ၃၂‌ ဒသမ ၄ ဘီလီယံကျော်  ကုန်ကျထားတာပါ။  ဩစတေးလျဟာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀၀၀ ကျော်ရှိထားပြီး ဒီထဲက ဗစ်တိုးရီးယားပြည်နယ်မှာ ၁၃,၄၀၀ ရှိပါတယ်။   တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၂၆၆ ဦးရှိထားပြီး ဒါဟာ တခြားဖွံ့ဖြိုးပြီး နိုင်ငံအတော်များများ ထက်  အတော်ကြီး နည်းနေသေးတယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up