Home
မြန်မာသတင်း
ကော့သောင်းတွင် ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ WYဆေးပြားများ ဖမ်းဆီးရမိ
DVB
·
August 7, 2020
117174277_1012524735850219_4310359320422791513_n
117102592_1012524772516882_2544662177216253867_n
တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းမြို့မှာ ကျပ်သိန်း ၃၀၀၀  ကျော်တန်ဖိုးရှိ  WY စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မူးယစ်ဆေးကွင်းဆက်တရားခံတွေဖြစ်တဲ့  ကော့သောင်းမြို့၊ ဗန္ဓုလလမ်းသွယ်၊ ရွှေပြည်သာရပ်ကွက်နေ ကျော်မင်းသူ (ခ) ရဲရဲ (ခ) ငရဲ ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ အုတ်မီးဖိုစင်အောက်က WY စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၇၅၀ ပြား၊ ဗီဒိုအတွင်းမှ မူးယစ်ဆေးဝါးရောင်းရငွေလို့ ယူဆရတဲ့  ငွေကျပ် ၅ သိန်းနဲ့အတူ  VIVO 1901 အမျိုးအစား ဖုန်း တစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ မူးယစ်ဆေးဝါတွေနဲ့လက်ဝယ်တွေ့ရှိသူ အသက် ၂၉ နှစ်ရှိ ကျော်မင်းသူ (ခ) ရဲရဲ (ခ) ငရဲကို ကော့သောင်းမြို့မရဲစခန်းက မူး/စိတ်ပုဒ်မ-၁၉(က) ၊ ၂၀(က)၊ ၂၁ အရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ ကော့သောင်းရဲတပ်ဖွဲ့  ဒုရဲအုပ်သက်နိုင်စိုးက ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024