ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု သေဆုံးသူ ၁၄၅ ဦးထိတိုးလာ

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် သေဆုံးသူဟာ  ၁၄၅ ယောက်ထက်မ နည်းရှိလာပြီး   ဒဏ်ရာရသူကလည်း  ၅၀၀၀ နီပါး အထိမြင့်တက်လာပါတယ်။  ပျောက်ဆုံးနေသူ ဒါဇင်ချီ ရှိနေပြီး  သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။   ဒါ့အပြင်  လူ နှစ်သိန်းခွဲလောက်ဟာ  နေထိုင်ဖို့ မသင့်တော်တဲ့ နေအိမ်တွေထဲမှာ ကျန်နေ ရစ်တယ်လို့ နိုင်ငံတကာကြက်ခြေနီကော်မတီက ပြောပါတယ်။  ပေါက်ကွဲမှုဖြစ်ပြီးနောက်   သြဂုတ်လ ၅ ရက်မှာတော့ ဘေရွတ်မြို့သူမြို့သားတွေဟာ အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်  ဟတ်ဆန်ဒီယက်ကလည်း  သြဂုတ် ၆ ရက်ကစလို့ ၃ ရက်တိုင်တိုင်  ဝမ်းနည်းဖွယ်ကာလအဖြစ် ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ က ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ဒဏ်၊ စီးပွားရေးကျဆင်းမှုနဲ့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ တရှိန်ထိုးဖြစ်နေတဲ့  မြို့တော်ဘေရွတ်မှာ  အခုပေါက်ကွဲမှုက  အပျက်အစီးအများဆုံးဖြစ်တယ်လို့လည်း  ရိုက်တာက ဖော်ပြပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up